သရုပ်ဆောင် မင်းသမီးချောခိုင်သင်းကြည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ စံထိပ်ထားဦးလို့အမည်ပေးထားတဲ့ ခိုင်သင်းကြည်ရဲ့သမီးလေးက ဆယ်ကျော်သက်အရွယ်လေးသာရှိသေးတာ ဖြစ်ပါတယ် ။ စံထိပ်ထားလေးက ပညာရေးမှာကြိုးစားသလို အနုပညာဘက်မှာလည်း ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-San Htae Htar Oo's FB Acc
Photo Credit-San Htae Htar Oo's FB Acc
Photo Credit-San Htae Htar Oo's FB Acc

မေမေဖြစ်တဲ့ခိုင်သင်းကြည်ကလည်း သမီးလေးစံထိပ်ထားကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိထားတဲ့ စံထိပ်ထားလေးက အပြစ်ကင်းစင်တဲ့အပြုံးအလှပိုင်ရှင်လေး ဖြစ်ပါတယ် ။ စံထိပ်ထားလေးက Tik Tok ကစားရတာကိုဝါသနာပါသူလေးဖြစ်တာကြောင့် Tik Tok ဗီဒီယိုလေးတွေကို မကြာခဏရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ် ။

Photo Credit-San Htae Htar Oo's FB Acc
Photo Credit-San Htae Htar Oo's FB Acc
Photo Credit-San Htae Htar Oo's FB Acc

အခုလည်း ထိပ်ထိပ်လေးက ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ Tik Tok ကစားထားတာ ဖြစ်ပါတယ် ။ ထိပ်ထိပ်လေးက အိုက်တင်လေးတွေမျိုးစုံလုပ်ပြပြီး နောက်ခံအသံလေးနဲ့ထပ်တူကျအောင် သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်ရဲ့သမီးစံထိပ်ထားလေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-San Htae Htar Oo's Tik Tok Acc

Photo Credit-San Htae Htar Oo's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။