ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ယုန်လေးကတော့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလာကမှာ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်သလို ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်းနဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ယုန်လေးကတော့ သူရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ပရိသတ်တွေကြားရေပန်းစားလျက်ရှိပါတယ်။ 

Photo Credit : Yone Lay 's Facebook Acc
Photo Credit : Yone Lay 's Facebook Acc

လူတိုင်းကို သူတတ်နိုင်သလောက် ကူညီပေးလေ့ရှိတဲ့ ယုန်လေးကတော့ စိတ်သဘောထားပြည့်ဝတာကြောင့်လည်း ပရိသတ်တွေပိုမို ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ယုန်လေးကတော့ ယခုမှာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူဟာ ကStudio ဇော်ဇော်နာမည်နဲ့ ခွေတစ်ခွေထွက်ဖူးပြီး မိခင်ဖြစ်သူဟာဝါသနာရှင်အဆိုတော်တစ်ယောက်ဖြစ်တဲ့အကြောင်း ငယ်ဘဝရဲ့ မိသားစုပုံရိပ်လေနဲ့အတူ ပြောပြလာခဲ့ပါတယ်။

Photo Credit : Yone Lay 's Facebook Acc
Photo Credit : Yone Lay 's Facebook Acc

ယုန်လေးကတော့ " အစ်မ တစ်ယောက် ပို့ပေးတာ ရှားရှားပါးပါးအဖေ နဲ့ အမေပုံ တစ်ပုံထပ်ရ ကျွန်တော့်အဖေကStudio ဇော်ဇော် နာမည် နဲ့ ခွေတစ်ခွေထွက်ဖူးပါတယ် ဦးစိန်ဝင်းထွန်း ဦးဘိုဘိုဟန် တို့မြင်စေချင်တယ် ဒီပုံလေးကို .ကိုရွှေတိုးလည်း မြင်စေချင်တယ် .အမေကတော့ ခွေမထွက်ဖြစ်ပါဘူး ဝါသနာရှင်ပါပဲ " ဆိုပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယုန်လေးတို့ မိသားစုရဲ့ ရှားရှားပါးပါးပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Yone Lay 's Facebook Acc

Photo Credit : Yone Lay 's Facebook Acc
Photo Credit : Yone Lay 's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။