ပရိသတ်ကြီးရေ ဂီတနယ်ပယ်မှာ အချိန်အတိုတွင်း ကြယ်ပွင့်လေးလိုထွန်းလင်းတောက်ပလာတဲ့ ချင်းလူမျိုးလေး တန်ခွန်ကျော် ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ တန်ခွန်ကျော် ကတော့ Myanmar idol season - 4 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း အသံချိုချိုလေးတွေနဲ့ ကောင်းမွန်တဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

Photo Credit - Tan Khun Kyaw
Photo Credit - Tan Khun Kyaw

တန်ခွန်ကျော် ကတော ရိုးသားကြိုးစားပြီး ဂီတနယ်ပယ် ပရိသတ်တွေကို အကောင်းဆုံး သီဆိုဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်လာနေပြီလည်းဖြစ်ပါတယ်။ ယခုမှာဆိုရင် အချစ်တော်လေး တန်ခွန်ကျော် က အညာသားကျောကုန်း လေးတွေကို ကိုင်ပြီး ရိုက်ထားတဲ့ ပုံရိပ်လေးကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့ အချစ်တော်လေး တန်ခွန်ကျော် က "အညာသားကျောကုန်း ရောင်းပါတယ်...တစ်ထုပ် ၁ထောင်ကျပ်ပါ " ဆိုပြီး ဈေးရောင်းနေတဲ့ ပုံစံလေးနဲ့လည်း ရေးသားထားပါသေးတယ်။

Photo Credit - Tan Khun Kyaw
Photo Credit - Tan Khun Kyaw

ဒါ့အပြင် တန်ခွန်ကျော် ကတော့ အညာသားကျောကုန်း မုန့်လေးနဲ့ ပတ်သတ်ပြီး ငယ်ငယ်က ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကို ပြောထားရာမှာလည်း "ငယ်ငယ်တုန်းက ဒီမုန့်လေး ရပ်ကွက်ထဲ ပတ်ရောင်းခဲ့ဖူးတယ် ဆန်ဝယ်ဖို့ပေါ့...ခက်ခဲလွန်းခဲ့တယ် " ဆိုပြီး ပြောပြထားပါသေးတယ်။ ဘဝအရှုံးမပေးပဲ အခက်ခဲများစွာ ဘဝကိုကျော်ဖြတ်လာတဲ့ တန်ခွန်ကျော်ကို ချစ်ပရိသတ်တွေကခွန်အားရှိဖို့အတွက် အားပေးစကားလေးပြောကြားပေးခဲ့ပါဦးနော်...။

Photo Credit - Tan Khun Kyaw

Source - Tan Khun Kyaw's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။