ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းလွန်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိသားစုကို အချိန်ပေးပြီးဂရုစိုက်ကာ ပြုစုစောင့်ရှောက်လျက်ရှိနေပါတယ်။ 

Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc

သမီးလေးကို မွေးဖွားပြီးနောက်ပိုင်း ချစ်စရာသမီးလေးကို အချိန်ပေးနေတာကြောင့် သရုပ်ဆောင်အလုပ်တွေကိုမလုပ်ကိုင်ပေမယ့်လည်း ကြော်ငြာတွေကိုတော့ ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ သားလေးကတော့ ပရိသတ်တွေ ချစ်ခင်ရတဲ့ ကလေးငယ်လေးပဲဖြစ်ပြီးသူမကတော့ ယခုမှာ မအိပ်ရင်လည်း တော်တော်နဲ့မအိပ်ဘဲ အိပ်သွားရင်လည်း ကုတင်ပေါ်က ပြုတ်ကျတာတောင် မနိုးတဲ့ သားလေးကိုကြည့်ပြီး အချစ်ပိုနေရပါတယ်။ 

Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc

သူမကတော့ " ညကသားကုတင်ပေါ်ကပြုတ်ကျတာတောင်မနှိုးဘူး မအိပ်သေးရင်အိပ်ဖို့ခက်တယ် အိပ်သွားတော့လဲဘယ်လိုပြုတ်ကျပြုတ်ကျအဲ့နေရာမှာဆက်အိပ်နေတာ "ဆိုပြီး သားလေးရဲ့ ချစ်စရာ​ကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့ မိသားစုရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Photo Credit : Thinzar Nwewin' s Facebook Acc 

Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc
Photo Credit : Thinzar Nwewin' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။