ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ယွန်းယွန်းကတော့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေအမြဲအချစ်ပိုနေကြသူလေးပဲ ဖြစ်ပါတယ်နော်..။

ငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့ ယွန်းယွန်းကတော့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါပဲ..။

Photo Credit - Yoon Yoon's FB Page
Photo Credit - Yoon Yoon's FB Page

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အချစ်တော်လေး ယွန်းယွန်းဟာ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း ပရိသတ်တွေအနေနဲ့ အပြင်ထွက်ရင် Mask တပ်ဖို့ သတိပေးစကားလေး ဆိုလိုက်ပါတယ်နော်..။

အခုလို Covid-19 ရောဂါဆိုးကြီးကြောင့် ပြည်သူပရိသတ်တွေ Stay at Home နေရတဲ့အချိန်လေးမှာ အပြင်ထွက်လို့ Mask မတပ်ရင် ဒဏ်ငွေဆောင်ရမှာမို့ Mask လေးတွေတပ်ကြဖို့ ယွန်းယွန်းက ချစ်ပရိသတ်တွေအတွက် သတိပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Yoon Yoon's FB Page
Photo Credit - Yoon Yoon's FB Page

"မနက်ဖြန်ကစပြီး mask မတပ်ရင် ဒဏ်ငွေ 5000 ပါတဲ့

အပြင်သွားရင် Mask တပ်ကြပါနော်.." ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေ ဝေမျှရင်း ချစ်ရတဲ့ ပရိသတ်တွေကို သတိပေးစကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ချစ်ရတဲ့ အသည်းကျော် ယွန်းယွန်းလေး ပြောထားသလို Covid ကို ကာကွယ်ဖို့အတွက် အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ကြပါနဲ့နော်..။

Photo Credit - Yoon Yoon's FB Page

Source & Photo Credit - Yoon Yoon's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။