ပရိတ်သတ်ကြီးရေ....Mrtv-4ရဲ့ယခုထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲလေးကိုသိကြမယ်ထင်ပါတယ်နော်။ ဒီဇာတ်ကားလေးဟာ စတင်ပြသတဲ့ရက်တည်းကစပြီး ပရိတ်သတ်အားပေးနှစ်ခြိုက်မှု အပြည့်အ၀ရရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် Mrtv-4ရဲ့ မင်းသားမင်းသမီးချောလေးတွေအပြင် ဝါရင့်သရုပ်ဆောင်တွေလည်း ပါ၀င်ထားတာပါနော်။

Photo credit-Khant's Facebook acc
Photo credit-Khant's Facebook acc

အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲမှာဆိုရင် အရေးပါတဲ့ဇာတ်ကောင်တစ်ယောက်အနေနဲ့ ပါ၀င်ထားတဲ့တက်သစ်စ မင်းသမီးချောလေး ခန့်ကိုလည်းပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်။ သူမဟာ သဘောထားဖြူစင်တဲ့အတွင်းရေးမှုးမလေး ရှေးရေစက်အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားတာပါနော်။ တက်သစ်စမင်းသမီးလေးတစ်ယောက်ဖြစ်သော်လည်း သူမဟာအကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတာကြောင့် ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူလေးတစ်ယောက် ဖြစ်နေပြီဖြစ်ပါတယ်။

Photo credit-Khant's Facebook acc
Photo credit-Khant's Facebook acc

ခန့်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို ပရိတ်သတ်တွေကိုမျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် အချစ်ဖွဲ့လေညင်းဇာတ်၀င်ခန်းပုံရိပ်လေးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ခန့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khant's Facebook acc
Photo credit-Khant's Facebook acc

Source-Khant's Facebook acc

Photo credit-Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။