ပရိသတ်အချစ်တော် သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော မယ်လိုဒီကတော့ အောက်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ မယ်လိုဒီကို ချစ်ခင်အားပေးကြသလို လိမ္မာပြီး သိတတ်ကာ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ သားသားလေး သိဒ္ဓိစစ်လေးကိုလည်း အားလုံးကလည်း တခဲနက်ချစ်ခင်အားပေးကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Melody Myo's FB Account

မေမေမျိုးကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေအပြင် သားလေးရဲ့ပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း သားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။

မေမေမေးသမျှကို ဒိုင်ခံဖြေနေတဲ့ သားသားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ သားလေးရဲ့ အဖြေတွေကို အံ့သြနေတဲ့ မေမေမျိုးတို့ သားအမိနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Melody Myo's FB Account
Photo Credit - Melody Myo's FB Account

"အဖြေတွေက မေမေ ဆွံအ.." ဆိုပြီး သားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြသလို သားလေးက မေမေနဲ့တူလို့ ချောတာပါဆိုပြီးတော့လည်း Comment လေးတွေမှာ ပြောထားကြပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မေမေမျိုးနဲ့ သိဒ္ဓိစစ်လေးလေးတို့ရဲ့ Stay at Home နေတဲ့အချိန် အပျင်းပြေရိုက်ထားတဲ့ ချစ်စရာဗီဒီယိုလေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Melody Myo's FB Account
Photo Credit - Melody Myo's FB Account

Source & Photo Credit - Melody Myo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။