ပရိတ်သတ်ကြီးရေ.....အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအ၀င်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာယခုဆိုရင် ပါး‌ဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း အသက်၉လကျော်ရှိသွားပြီဖြစ်ပြီး သွားငုတ်စိလေးတွေနဲ့အသည်းယားစရာကောင်းအောင်ကို ချစ်စရာကောင်း‌တာပါနော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ မိသားစုကိုအချိန်ပေးကာ ဂရုစိုက်တတ်တဲ့သူ‌ဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားတာပါ။ သူမဟာ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့် ပရိတ်သတ်တွေကအချစ်မလျော့ကြပဲ သူမကိုရော သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြတာပါ။ ခင်ပွန်းဖြစ်သူအောင်သူဟာလည်း မိသားစုကိုအလေးထားတဲ့သူတစ်ဦးဖြစ်ပြီး ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ဦးလည်းဖြစ်ပါတယ်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ မိသားစုပုံရိပ်လေးတွေနဲ့ သဲကိုးလေးရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာတွင် "နေ့တိုင်း မေမေ့ပုံပဲတင်တယ်ပြောကြလို့ ဘေဘီ့ပုံတင်ပြီနော်" ဆိုတဲ့captionလေးနဲ့ သားလေးရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် သားလေးသဲကိုးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

Source-Poe Ei Ei Khant's Facebook acc

Photo credit-Poe Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။