ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "C Hoare and Co" ဘဏ်တိုက်ကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘဏ်ခွဲနှစ်ခုသာ ဖွင့်လှစ်ထားတဲ့ "C Hoare and CO" ဘဏ်တိုက်ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ၁၆၇၂ ခုနှစ်ကတည်းက ထူထောင်ခဲ့သော သက်တမ်းရှည် ဘဏ်တစ်ခုဖြစ်ပြီး ယနေ့ထိတိုင် လုပ်ငန်းများ လုပ်ဆိုင်နေဆဲ ဖြစ်ပါတယ်။

photo credit pngtree

သေးငယ်သော ပုဂ္ဂလိက ဘဏ်တစ်ခုသာဖြစ်တဲ့ "C Hoare and Co" ဟာ အင်္ဂလန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဘဏ်ဖြစ်ပြီး Sir Richard Hoare က ၁၆၇၂ ခုနှစ်မှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာ Sir Richard Hoare ရဲ့ ၁၀ ဆက် နှင့် ၁၁ ဆက်မြောက်မျိုးဆက်များက ဘဏ်လုပ်ငန်းများကို ဆောင်ရွက်နေတာပါ။ "C Hoare and Co" ဟာ အမေရိကန်ဒေါ်လာ တစ်သန်းအထက် ပိုင်ဆိုင်မှုရှိသော ဖောက်သည်များအတွက် ချေးငွေများပေးခြင်း၊ အပေါင်ခံခြင်း၊ စုငွေ လက်ခံခြင်း၊ အခွန်အကောက်နှင့် အိမ်ခြံမြေ စီမံကိန်းများဆောင်ရွက်ပေးခြင်းအစရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ပေးတာပါ။

photo credit pngtree

၁၈ ရာစုမှာ "C Hoare and Co"ဟာ မျက်မှောက် ခေတ်ဘဏ်များမှာ အသုံးပြုနေတဲ့ ချက်လက်မှတ်ကဲ့သို့သော စနစ်များကို စတင်အသုံးပြုခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ရှေးအကျဆုံးနှင့် ဂုဏ်သိက္ခာအမြင့်ဆုံး "C Hoare and Co"ဟာ Lord Byron ၊ Jane Austen ၊ Eton College အစရှိတဲ့ ထင်ရှားသော ဖောက်သည်များစွာနှင့် ဘဏ်လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ထိုဖောက်သည်များတွင် ဒုတိယမြောက် ချားစ် ဘုရင်ရဲ့ ဇနီး Catherine of Braganza လည်း အပါအဝင်ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။