ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း ပြည်သူပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေရသူကတော့ အကယ်ဒမီမင်းသားကြီး ဦးကျော်သူပဲ ဖြစ်ပါတယ်နော်..။

အနုပညာကို လေးစားတန်ဖိုးထားကာ ချစ်မြတ်နိုးသလို ပရဟိတလုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင် ပြည်သူပရိသတ်တွေအတွက် ရပ်တည်ပေးနေတဲ့ ဦးကျော်သူရဲ့ မွန်မြတ်တဲ့ စိတ်စေတနာသဒ္ဒါတရားတွေကတော့ ပရိသတ်တွေကို အမြဲနှစ်သက်သဘောကျစေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

အလှူအတန်းတွေနဲ့ ပရဟိတအလုပ်တွေကို အချိန်ရတိုင်းလိုအပ်သလို လုပ်ဆောင်နေတဲ့ ဦးကျော်သူကတော့ အခုတစ်ခါမှာလည်း ရေရှားပါးပြတ်လပ်နေတဲ့ ကျေးရွာဒေသများကို ရေအလှူကုသိုလ်လေး ပါဝင်ပြုလုပ်ခဲ့ရလို့ ကြည်နူးမဆုံး ပီတိလေးတွေဖြစ်ကာ ပျော်နေပြန်ပါတယ်နော်..။

ပဲလူးတိုက်းဒေသကြီးအဆုံးမှာရှိတဲ့ ဖန်ခါးပင်ကျေးရွာနဲ့ မကွေးတိုင်းဒေသကြီးအစ သောင်ကပြင်ကျေးရွာများကို ရေသယ်ယာဉ်ကြီးများနဲ့ သောက်သုံးရေများ သွားရောက်လှူဒါန်းကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

"ရေရလို့ ပျော်ပြီလေ

"ကျော်သူပရဟိတကွန်ယက်"နှင့်"ကျော်သူပရဟိတသာသနာပြုအဖွဲ့" တို့မှ ရေရှားပါပြတ်လပ်လျှက်ရှိသော ပဲခူးတိုင်းဒေသကြီးအဆုံးရှိ ဖန်ခါးပင်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးအစ သောင်ကပြင်ကျေးရွာများ သို့ ယနေ့နံနက်ခင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဌကြီးဦးအောင်ကိုဝင်း၏ ကမ္ဘောဇ အနာဂါတ် အလင်းတန်းမြန်မာဖေါင်ဒေးရှင်းအဖွဲ့မှ လှူဒါန်းထားသော ရေသယ်ယာဉ်ကြီးဖြင့် သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြပါသည်။

ရေသယ်ယာဉ်အတွက်ဒီဇယ်ဆီလှူဒါန်းပေးပြီးကိုယ်တိုင်လိုက်ပါကူညီပေးကြသော နဝဒေးတံတားရဲကင်းမှ ရဲဘော်များအားလည်း အထူးကျေးဇူးတင်ရှိကာ သာဓုသာဓုသာဓုခေါ်ဆိုလိုက်ပါသည်။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

ပူပြင်းလှသည့်နွေရာသီတွင် ရေပြတ်လတ်နေသော မိဘပြည်သူသားသမီးငယ်လေးများ ရေရရှိ၍ပျော်ရွှင်ဖွယ်မျက်နှာလေးများကား ကျွန်တော်တို့အဖို့ မည်သည့်အရာနှင့်မျှမလဲနိုင်သော ပီတိ ကိုရရှိစေခဲ့ပါသည်.." ဆိုပြီး ဦးကျော်သူက အပျော်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

အခုလိုပူပြင်းလွန်းတဲ့ နွေရာသီမှာ ရေပြတ်လပ်ရှားပါးနေတဲ့ ကျေးရွာတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ ပီတိဖြစ်စရာပုံရိပ်လေးတွေနဲ့ ရေရရှိလို့ ပြုံးပျော်နေကြတဲ့ ဒေသခံတွေရဲ့ မျက်နှာပေါ်က အပြုံးလေးတွေကတော့ မြင်သူပရိသတ်တွေတိုင်းကို အပျော်လေးတွေ ကူးစက်ကြည်နူးစေမှာပါပဲနော်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

Source & Photo Credit - Kyaw Thu's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။