Photo credit - EHOME

လက်ရှိ EHOME အသင်းရဲ့ carry player Slyer ရဲ့နာမည်အရင်းကတော့ Liu Jiajun ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1993 ခုနှစ် 12 လပိုင်း 20 ရက်နေ့ဖြစ်တာကြောင့် Slyer ဟာ အခုဆိုရင် အသက် 25 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Syler dota 2 pro scene ပေါ်စတင်ဝင်ရောက်လာခဲ့တာကတော့ 2011 ခုနှစ်လောက်ကဖြစ်ပြီး ပထမဆုံး ကစားခဲ့တဲ့ Team ကတော့ LGD Gaming ပဲဖြစ်ပါတယ်။

LGD Gaming မှာတော့ Syler ဟာ 2011 ခုနှစ် 11 လပိုင်းကနေ 2013 ခုနှစ် 9 လပိုင်းအထိကစားခဲ့ပြီးနောက် RisingStars ကိုပြောင်းရွှေ့ခဲ့ပါတယ်။

RisingStars မှာတော့ Syler ဟာ တစ်လကျော်သာကစားခဲ့ပြီးနောက် 2013 ခုနှစ် 10 လပိုင်း 31 ရက်နေ့မှာ Vici Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2014 ခုနှစ် 8 လပိုင်း 26 ရက်နေ့မှာတော့ Syler ဟာ Vici Gaming ကနေထွက်ခွာပြီး LGD Gaming ကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

LGD Gaming မှာ 2 နှစ်နီးပါးလောက်ကစားပြီးတဲ့နောက် 2016 ခုနှစ် 4 လပိုင်းမှာတော့ Syler ဟာ Vici Gaming ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသငးမှာ 5 လလောက်ကစားပြီးတဲ့နောက် 2016 ခုနှစ် 9 လပိုင်းမှာတော့ Syler ဟာ EHOME အသင်းကိုပြောင်းရွှေ့ခဲ့ပြီး 2017 ခုနှစ် 1 လပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2017 ခုနှစ် 9 လပိုင်းမှာတော့ Syler ဟာ VGJ.Thunder ကိုရောက်ရှိခဲ့ပြီး 2018 ခုနှစ် 9 လပိုင်း 10 ရက်နေ့မှာ ၎င်းအသင်းကထွက်ခွာပြီး Team Aster ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Aster မှာတော့ Syler ဟာ 2019 ခုနှစ် 4 လပိုင်း 16 ရက်နေ့အထိကစားပြီးနောက် Team Sirius ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2019 ခုနှစ် 11 လပိုင်း 26 ရက်နေ့မှာတော့ Syler ဟာTeam Sirius ကနေ ထွက်ခွာပြီး EHOME အသင်းကိုပြောင်းရွှေ့လာကာ ယနေ့အချိန်ထိ EHOME မှာကစားနေဆဲပဲဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။