ပရိသတ်ကြီးရေ တေးသံရှင်မီးမီးခဲကတော့ မကြာသေးခင်ရက်ပိုင်းကမှ ဆေးရုံကဆင်းလာတာဖြစ်ပါတယ်။မီးမီးခဲဟာဆိုရင် ကင်ဆာအဆင့်နောက်ဆုံးဖြစ်နေပေမယ့်လည်း စိတိဓာတ်ကြံ့ကြံ့ခိုင်လို့ အမြဲ‌ပြုံးပျော်ရွှင်နေတဲ့သူဖြစ်ပါတယ်။သားနဲ့သမီးကိုလည်းပျော်ရွှင်အောင်ထားပေးသလို အိမ်မှုကိစ္စလည်းနိုင်နင်းအောင် ဆောင်ရွက်နေတဲ့မီးမီးခဲက သန်မာတဲ့အမျိုးသမီးတစ်ယောက်ပါနော်။ပရိသတ်တွေကလည်း သူမကိုအမြန်ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page

မီးမီးခဲက"ဆေးရုံပြန်ဆင်းလာတဲ့ရက်ကနေ ဒီနေ့ထိ ကလေးတွေနဲ့ဆော့ ဟင်းတွေချက် ညဆို သီချင်းဆိုကြ ကင်ဆာရောဂါ ဘယ်နားရောက်မှန်းမသိ..မိသားစုရဲ့အရိပ်ဆိုတာ လေ လူကို ပြောင်းလဲ စေနိုင်တာပါ..ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက ၇ ကြိမ် ဓါတ်ကင်ခဲ့ရပါတယ်..ကျွန်မတို့လိုနောက်ဆုံးအဆင့်ဝေဒနာရှင်တွေ ဆို ဆေးရုံကလဲ အရမ်းသနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ်.ကျန်းမာရေးဥပဒေအရ ကိုယ်ရောဂါအခြေအနေကိုမိသားစုတွေသိလားသင် သေရင်ရောဘာတွေလွဲခဲ့ချင်လဲ (သေတန်းစာ)တရားဝင်တွေမေးမြန်းကြ ရင်တွေဆိုနာတာပေါ့နော်..ကျန်တဲ့ဘဝရက်တွေမှာ ဘာတွေ လုပ်သွားခဲ့ချင်လဲ..လူမှူရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ..ကျွန်မကတော့ ဘာအခွင့်အရေးမှလဲ မယူခဲ့သလို ပြုလုပ်သင့်ထိုက်တဲ့ အရာတွေကို တိုင်ပင်လိုက်ပါ့မယ်ဆိုပြီး ဆေးရုံပြန်ဆင်းခဲ့ပါတယ်..လိုအပ်တဲ့ဆေးဝါးကုန်ကျစရိတ် နဲ့ဆေးကုသခ အခမဲ့ဆိုတော့ ကျေးဇူးတင်စရာပါ.ကင်ဆာဆေး စက်ကြီးတွေနဲ့ကုသရတာကိုက ဝမ်းသာလှပါပြီလေနော်.ကျွန်မရဲ့အရိုး မကောင်းတဲ့ပြသာနာ အရတော့ "

Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page

"ကျွန်မက ဒီ ၄ ၅ ၆ လမတွင်း wheelchair ကို အသုံးပြုသွားရမယ်လို့ပြောပေမဲ့ နဂိုကမှ super mommy ဆိုတော့ကာ ဆေးရုံတတ်တဲ့နေ့ထဲက nurseအကူမယူပဲ ကြိုးစားလမ်းလျှောက်ခဲ့ပါတယ်..နောက်ကွယ်မှာကျွန်မအကြောင်းခိုးပြောကြားလိုက်ပါရဲ့ She like Independent..အခုလဲ ဖြေးဖြေးခြင်းစလျှောက်နိုင်နေပါပြီလို..နောက်ထပ် တခါထပ်ပြီးမဖြစ်လာဖို့ကို ဆရာဝန်တွေလဲဆုတောင်းပေးနေကြမှာပါတဲ့..Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှ သိပ်မခံစားရပါဘူး ခြေထောက်ပေါင် အက်တဲ့နေရာဘယ်ဘက်ခါး နေရာ ညာဘက်နဂိုး အောက် နေရာ ပြင်းထန်စွာ ပြုလုပ်ခဲ့ရပေမဲ့ ပြန်ရောက်တဲ့တရက်တော့ ထမနိုင်ဘူး ..နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိးတာနဲ့ မျောက်ရှုံးနှစ်ကောင် ကတီတီတာတာ..စိတ်ကြောင့်သာလျှင် အရာရာ ဟာ ပြီးပြည့်စုံလာရတာပါ.. ဘုန်းတော်ထင်ရှားမယ့်အနာ ဖြစ်ကြောင်း အတည်ပြုဝန်ခံရင်း"ဆိုပြီး ပုံလေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page

Source&Photo Credit:Mee Mee Khel-မီးမီးခဲ Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။