မင်းသမီးချောလေး သန္တာဗိုလ်ကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ ဖြစ်ပါတယ် ။ သန္တာဗိုလ်က အရပ်ရှည်ပြီး Body လှတဲ့အပြင် ရုပ်ရည်လေးကလည်း ချောမောလှပနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သန္တာဗိုလ်က သရုပ်ဆောင်ချောရတနာရဲ့ညီမချောလေးတစ်ယောက်လည်း ဖြစ်ပါတယ် ။

Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc

လက်ရှိမှာတော့ သန္တာဗိုလ်က ဖက်ရှင်ရှိုးပွဲတွေမှာ မပါမဖြစ်လျှောက်လှမ်းနေရသလို Photo Shooting တွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ သန္တာဗိုလ်က Tik Tok ကစားတဲ့နေရာမှာ အရမ်းတော်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း သန္တာဗိုလ်က သူမရဲ့ဗီဒီယိုလေးတွေကို စောင့်မျှော်နေတဲ့ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုအသစ်လေးတွေကိုတင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc
Photo Credit-Thandar Bo's FB Acc

သန္တာဗိုလ်က လတ်တလောမှာအရမ်းကိုရေပန်းစားနေတဲ့ ရွှေထူးရဲ့ "မမဆယ်လီသားတစ်လီ"သီချင်းအသစ်လေးနဲ့ Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သန္တာဗိုလ်က အမိုက်စားကကွက်လေးတွေနဲ့ အပီအပြင်ကနေတဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သန္တာဗိုလ်ရဲ့အမိုက်စားဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thandar Bo's Tik Tok Acc

Photo Credit-Thandar Bo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။