ပရိသတ်ကြီးရေ တက်သစ်စ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချော ခန့် ကိုတော့ သိကြမယ်ထင်ပါတယ်။ သူမကတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ သူပဲဖြစ်ပါတယ်။ မကြာသေးမှီ က အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိအောင် ကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

Photo Credit - Khant
Photo Credit - Khant

ခန့် ကတော့ လတ်တလော MRTV-4 မှာ ထုတ်လွှင်ပြသနေတဲ့" အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲထဲမှာ ရှေး အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲလေးကလည်းလက်ရှိမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်လမ်းလေးနဲ့ ပတ်သတ်ပြီး မင်းသမီးချောလေး ခန့် က ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Khant
Photo Credit - Khant

ဒီပုံလေးထဲမှာတော့ ကျော်ထက်ဇော် နဲ့ အတူ ချစ်စရာကောင်းတဲ့ အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခန့် က "ဆေးရုံမှာပဲလိမ်လိမ်မာမာနေပါဆိုတာကို ရှေးစကားကို နားမထောင်ဘူး မိုးသောက်ကတော့ တုတ်နဲ့ရိုက်ခံရတော့မယ်" ဆိုပြီး ချစ်စရာကောင်းလောက်အောင် သူမရဲ့ Facebook ပေါ်မှာ ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း ခန့် နဲ့ ကျော်ထက်ဇော် တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Khant
Photo Credit - Khant

Photo Credit - Khant

Source - Khant's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။