အဆိုတော်စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasureလေးကတော့ ဒီနေ့လေးမှာဆိုရင် (၁၀)လပြည့်သွားပြီဖြစ်ပါတယ်နော်။Treasureလေးက သူမကိုချစ်တဲ့ပရိသတ်အများအပြားကိုလည်းပိုင်ဆိုင်ထားပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။မေမေဒီးဒီကလည်း သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးလို့ သမီးလေးက ကျန်းကျန်းမာမာ၊လှလှပပလေးကြီးပြင်းလာပါတယ်နော်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

Treasureလေးက ဖေဖေနဲ့မေမေတို့ရဲ့အချစ်တွေကိုစုပြုံရရှိထားပြီး ဖေဖေကိုသီဟလွင်ကလည်း သမီးလေးနဲ့အတူ အမြဲတမ်းကစားပေးပါတယ်နော်။စန္ဒီမြင့်လွင်တို့မိသားစုဘဝလေးက သာယာစိုပြေပြီး အရမ်းပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါနော်။ပရိသတ်တွေကလည်း ဒီးဒီတို့ တစ်မိသားစုလုံးကို ချစ်ကြတာကြောင့် သူမတို့ရဲ့ မိသားစုလေးကိုအမြဲစောင့်ကြည့်ပြီး အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

ဒီးဒီတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း သမီးလေးကို အေကာင်းဆုံးပြုစုပျိုးထောင်ပေးနေကြတာဖြစ်ပါတယ်။Treasureလေးရဲ့ ချစ်စရာပုံလေးတွေနဲ့ အသည်းယားစရာဗီဒီယိုဖိုင်လေးတွေကိုလည်း ဒီးဒီတို့ဇနီးမောင်နှံက မျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း မျက်နှာချိုချိုလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ပြုံးရွှင်ရယ်မောနေတဲ့ treasureလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

Source&Photo Credit:Thiha Lwin's Instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။