ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျာ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့သူမရဲ့ဟန်ပန်လေးတွေနဲ့ အပြုအမူစကားပြောဟန်လေးတွေကလည်း ပရိသတ်တွေကို သဘောကျအချစ်ပိုစေသူပဲ ဖြစ်ပါတယ်..။

အချိုးအစားကျပြီး ပြေပြစ်တဲ့ခန္ဓာကိုယ်အလှတရားကို ကိုင်ဆိုင်ထားသလို အများနဲ့မတူတဲ့ အမိုက်စားညို့အားပြင်းတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေအများဆုံးရရှိထားပြီး အမြဲရေပန်းစားနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Thin Zar Wint Kyaw's Fb Account
Photo Credit - Amazing Grace

ဆွဲအားပြင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ သင်ဇာလေးကတော့ အားကစားလည်းလိုက်စားသူဖြစ်ပြီး ကြိုစားပမ်းစားနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း သင်ဇာလေးတစ်ယောက် ယောကျ်ားလေးတစ်ယောက်နဲ့အတူ ရင်ဘောင်တန်းကာ ယှဉ်ပြီးဘောက်စင်ထိုးလေ့ကျင့်နေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ထပ်မံဝေမျှလာပါတယ်နော်..။

Photo Credit - Thin Zar Wint Kyaw's Fb Account
Photo Credit - Thin Zar Wint Kyaw's Fb Account

ကျော့ရှင်းပြီး ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်ကာ ဆော့ကစားနေတဲ့ သင်ဇာလေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို အမိုက်စားလေး ဆွဲဆောင်မှုတွေ ရှိနေပြန်ပါတယ်နော်..။

ကြိုးစားပမ်းစားလေ့ကျင့်နေတဲ့ သင်ဇာလေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ချစ်ပရိသတ်တွေ အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Source & Photo Credit - Thin Zar Wint Kyaw's Fb Account

Photo Credit - Thin Zar Wint Kyaw's Fb Account
Photo Credit - Thin Zar Wint Kyaw's Fb Account

Source & Photo Credit - Thin Zar Wint Kyaw's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။