ကလေးဘဝတည်းကမှစပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူကတော့ မင်းသားကြီးလွင်မိုးရဲ့သမီးလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ ခေးလေးဟာ လတ်တလောမှာတော့ ချစ်ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေတာပါ။ ကျောင်းပိတ်ရက်တိုင်း မြန်မာနိုင်ငံကို ပြန်လာပြီးအနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်နော်။  

Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account

သူမရဲ့သားလေး Liam လေးဟာလည်း ပရိသတ်တွေ အားလုံးရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ခေးလေးတို့ဇနီးမောင်နှံဟာ ပြည်ပမှာ ကျောင်းသွားတက်နေတာကြောင့် သားလေးကို အဖိုး၊အဖွားတွေနဲ့ ထားခဲ့ရတာလည်း ဖြစ်ပါတယ်။ အားလပ်ချိန်များတွင်တော့ သားလေးကို Video Call ခေါ်ကာ အလွမ်းသည်နေရတာလည်း ဖြစ်ပါတယ်။ သားလေးကတော့ အဖိုး၊အဖွားတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account

သားလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမြဲဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း သူမရဲ့ Instagram လူမှုကွန်ယက်မှတစ်ဆင့် သားလေးရဲ့ ပုံလေးတစ်ပုံကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သားလေးကိုရင်မှာပိုက်ထွေးကာ ချစ်လို့မဝဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ခေးလေးတို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Yunwaddy’s IG Account 

Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account
Photo Credit - Yunwaddy’s IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။