သုသုလို့ ပရိသတ်တွေကချစ်စနိုးခေါ်ဝေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာဆိုရင် မိတ်ကပ်ပညာမှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ယနေ့ချိန်မှာ အောင်မြင်မှုတွေပိုင်ဆိုင်ဖို့အတွက် ဟိုးအရင်ကတည်းကကြိုးစားခဲ့တဲ့ ညီညီမောင်ကတော့ လတ်တလောမှာဆိုရင် သူမဘဝရဲ့အမှတ်တရဖြတ်သန်းလာပုံလေးတွေကို စာလေးတွေရေးသားပြီးမျှဝေနေတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

သုသုက စိတ်ထားလေးလည်းဖြူစင်ပြီး သဘောမနောကောင်းတာကြောင့် ဟိုးအရင်ကတည်းက လူချစ်လူခင်ပေါများပါတယ်နော်။မင်းသား၊မင်းသမီးတွေကလည်း သုသုကိုခင်မင်ရင်းနှီးကြပြီး အမှတ်တရဓာတ်ပုံလေးတွေတောင်တွဲရိုက်ပါသေးတယ်။အခုဆိုရင်လည်း သုသုက နေတိုး၊သက်မွန်မြင်တို့နဲ့ အတူ အမှတ်တရဓာတ်ပုံလေးရိုက်ရင်း အရမ်းလန်းနေတဲ့ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

သုသုက"ကျွန်မ ဘယ်လောက်လှလဲ ကျွန်မ မလှဘူးပြော အမ တို့ပဲ ငရဲ ကြီးမှာနော် လွန်ခဲ့တဲ့ ၁၅နှစ် လောက် က ဓါတ်ပုံ ဦးပီတာ ရန်ကင်းပန်းခြံနောက်စတူဒီယိုမှာ ပြက္ခဒိန်ရိုက် မှာ ဆုံဆည်းမှုပါ ကျွန်မ က ငယ်ငယ်လေးထဲက ဂေါ်တာပါနော် အဲခေတ်တုန်းက လူတွေ ကျွန်မကိုမျက်စိ‌နောက်မှာသေချာတယ် အားနာလို့သာမပြောကြတာ အသက်ကြီးလဲ ကြီးကလက်ဖြစ်နေဦးမှာပါပဲနော် ကြီးမှကလပ်တော့ ကျပ်ကလီးပေါ့ရှင်"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

Source&Photo Credit:Nyi Nyi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။