ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော် ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့သူပဲဖြစ်ပါတယ်။ကျော်ထက်ဇော်ဟာ တည်ကြည်ခန့်ညားပြီး ချစ်စရာ ဟန်ပန်အမူရာလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးဝန်ရံခြင်းကို ရရှိထားနေတာကိုလည်း တွေ့နေရပါတယ်။

Photo Credit - Kyaw Htet Zaw

အနုပညာလောကမှာလည်း ပရိသတ်တွေသဘောကျ လက်ခံနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြလေ့ရှိပါတယ်။ ကျော်ထက်ဇော် ကတော့ လတ်တလောမှာဆိုရင်လည်း MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲ ထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Kyaw Htet Zaw

ယခုမှာဆိုရင်လည်း ကျော်ထက်ဇော် က နှုတ်ခမ်းနီမလေးတွေ အသည်းယားစေမယ့် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်ပုံရိပ်တချို့ကိုတင်ပေးလာခဲ့ပါတယ်။ဒီပုံလေးထဲမှာတော့ အမိုက်စားဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ဆင်ပြီး တည်ကြည်ခန့်ညားမှုအပြည့်နဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးရေ ယုံကြည်မှုရှိရှိ တည်ကြည်ခန့်ညားချောမောနေတဲ့ ကျော်ထက်ဇော်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw 's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။