MRTV -4မင်းသမီးချောလေး နေခြည်ရွှန်းလက် ကတော့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူလေးပါနော်။ ရှည်လျားလှပတဲ့ ဆံနွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပုရိသယောကျာ်လေး ပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ် ။ ဒါ့အပြင် စကားတက်လွန်းတဲ့ သူမကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်......။

Photo credit - Nay Chi Shoon Lak's fb account
Photo credit - Nay Chi Shoon Lak's fb account

နေခြည်ရွှန်းလက်က ဇာတ်လမ်းတွဲတွေကို များစွာရိုက်ကူးနေပြီး ယခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်.....။

Photo credit - Nay Chi Shoon Lak's fb account
Photo credit - Nay Chi Shoon Lak's fb account

နေခြည်ရွှန်းလက် က မကြာသေးမီအချိန်က သူမရဲ့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ " ဝက်မျက်နှာထက်က ကြက်ဥများ" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ရတဲ့ပရိသတ်တွေ ကြည့်ပြီး အသည်းယားနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Nay Chi Shoon Lak's fb account
Photo credit - Nay Chi Shoon Lak's fb account

Source & Photo credit - Nay Chi Shoon Lak's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။