သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးဟာ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ ပုံစံလေးတွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပုံလေးဟာလည်း အများနဲ့မတူပဲ တစ်မူထူးခြားတာကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို အခိုင်အမာရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာများစွာလည်း လက်မလည်အောင် ရိုက်ကူးနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

ချီချီဟာ မြန်မာနိုင်ငံက ပွဲအခမ်းအနားတွေကိုသာမကဘဲ ပြည်ပနိုင်ငံက ပွဲအခမ်းအနားတွေလည်း ဖိတ်ကြားခြင်းခံရတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ ဒီလိုထက်မြက်မှုတွေကြောင့်လည်း အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေများစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလလေးမှာတော့ ချီချီတစ်ယောက် အိမ်မှာနေရင်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေအမြဲမပြတ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

သူမရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်များမှတစ်ဆင့် အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ အိမ်မှာနေ

ရင်း လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးကို မျှဝေထားတာပါ။ ဒါကတော့ နံနက်တိုင်း မပျင်းမရိဘဲ လေ့ကျင့်ခန်းတွေကိုကြိုးစားပမ်းစားလုပ်နေတဲ့ ချီချီရဲ့ Video လေးပဲဖြစ်ပြီး ပရိသတ်တွေ ကြည့် ရှုနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Nay Chi Oo’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။