ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အောင်ရေချမ်းကတော့ ဇာတ်လမ်းတွဲတွေနဲ့ အားလုံးရဲ့အချစ်ကိုအရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အောင်ရေချမ်းက "ပျားရည်အိုင်၊ ကျွန်မက မဟေသီ၊ ဆူးပန်းခွေသွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် " စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပိုမိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ အောင်ရေချမ်းက ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page

အောင်ရေချမ်းက ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေက အပြတ်ကြွေနေရတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ အောင်ရေချမ်းက အသံကောင်းပြီး သီချင်းဆိုကောင်းသူလည်း ဖြစ်ပါတယ် ။ အခုလည်း အောင်ရေချမ်းက Facebook မှာ Live လွှင့်ရင်း ပရိသတ်တွေကို သီချင်းဆိုပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page

အောင်ရေချမ်းက အဆိုတော်အောင်လရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "အလွမ်းသင့်ပန်းချီ" သီချင်းလေးကို သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်တိုင်ဂီတာတီးပြီး အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းဆိုနေတဲ့ အောင်ရေချမ်းကတော့ တကယ့်ကိုစတိုင်ကျနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောအောင်ရေချမ်းရဲ့ Live ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Aung Yay Chan's FB Page

Photo Credit-Aung Yay Chan's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။