ချစ်ပရိသတ်ကြီးရေ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမူကိုတစ်ခဲနက်ရရှိခဲ့ကာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း နဲ့ ရိုးသားတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာပါ ။ သီချင်းကောင်းတွေကို များစွာဖန်တီးပြီး သူမရဲ့ သီချင်းတွေကလည်း ပရိသတ်ရင်ထဲမှာ ထပ်တူကျကာ အကြိုက်တွေ့စေခဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။

Photo Credit -Phyu Phyu Kyaw Thein
Photo Credit -Phyu Phyu Kyaw Thein

ဝတ်စားဆင်ယဉ်မှုတွေမှာလည်း အခြားသူတွေနဲ့ မတူပဲ မြင်သူတိုင်း ငေးမောသွားရလောက်မယ့် အမိုက်စားဖက်ရှင် တွေကိုပဲအမြဲ ဝတ်ဆင်တက်တာကြောင့် ပရိသတ်တွေက ဖက်ရှင်ဘုရင်းမလိုတောင်ခေါ်တက်ကြပါသေးတယ်။လတ်တလောမှာတော့ အချစ်တော်လေး ဖြူဖြူက ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် ချစ်စရာဟန်ပန်အမူရာလေး ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလာခဲ့ပါတယ်။

Photo Credit -Phyu Phyu Kyaw Thein
Photo Credit -Phyu Phyu Kyaw Thein

ဒီပုံလေးတွေထဲမှာတော့ အနက်ရောင်ဖက်ရှင်ဝတ်စုံလေးဝတ်ပြီး ကြွေလောက်စရာကောင်းတဲ့ အိုက်တင်မျိုးစုံ ပရိသတ်တွေကို ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူ ကျော်သိန်းက "surprise MVအသစ်စက်စက် လေးတွေ မကြာခင် တင်ပေးဖို့ ရှိလို့ see first လုပ်ထားဖို့ မမေ့နဲ့နော် လောလောဆယ်တော့ အမောပြေ ရူပါဒါနပြု လိုက်တယ် " ဆိုပြီး ချစ်စရာကောင်းလောက်အောင်လည်း ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဖြူဖြူကျော်သိန်း ရဲ့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Phyu Phyu Kyaw Thein

Source - Phyu Phyu Kyaw Thein's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။