ရာသီဥတုပူတော့ ကိုယ့်ပတ်ဝန်းကျင်ကလည်း ပူနေပြီ … လူလည်း ပူနေပြီ …အသုံးအဆောင်ပစ္စည်းတွေလည်း ပူနေပြီ … ဒါပေမယ့် ကိုယ်နဲ့ အမြဲအတူရှိနေတဲ့ ကိုယ်တို့ အားလုံးရဲ့ Vivo 19 ကတော့ သင်ကိုင်ဖူးခဲ့တဲ့ ဖုန်းအပူချိန်လောက် မပူဘူးဆိုတာပါပဲ။ ဖုန်းပြော Game ကစား တာနဲ့ လက်ထဲက ဖုန်းက အရမ်းပူနေတယ်လို့ ခံစားနေရရင်တော့ ဒါကကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးနော် ဘော်ဘော်တို့ … အပူခဲကို ကိုင်ပြီးနေမလား … ပြောင်းလဲဖို့ အချိန်တန်တာ ကြာပြီမို့ စမတ်ကျပြီး အေးဆေး Game ဆော့လို့ရတဲ့ စမတ်ဖုန်း တစ်လုံးလောက်တော့ ဘဝအတွက် ရရှိဖို့ သင်ဟာထိုက်တန်တဲ့ သူပါပဲ ။ ဖုန်းအကောင်းစား တစ်လုံးကို မိတ်ဆက်ပေးရင်း သတင်းစကားပါးလိုက်ပါမယ် ဒါကတော့ vivo 19 ပါပဲ ။ Cooling Turbo တပ်ဆင်ထားတဲ့အတွက် ဖုန်းအပူချိန်ကို သာမန် ဖုန်းတွေထက် လျော့ကျစေနိုင်လို့ ဒီလို ပူအိုက်တဲ့ ရာသီမှာ ရုပ်ရှင်ပဲ ကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ V19 ကတော့ သာမန်ထက် အပူချိန်ကို လျော့ကျစေမှာပဲ ဖြစ်ပါတယ်။ ဟုတ်တယ် သူ့မှာ အားသာချက်တွေ ဘာတွေလဲ ထပ်ပြောပြဦးမယ် ။ Vivo ရဲ့ Flagship Selfie ဖုန်းကိုမှ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ခေတ်မီဆန်းသစ်မှုတွေနဲ့ ထုတ်လုပ်ထားတယ်။ Vivo 19 မှာ ထူးခြားချက်တွေ ကတော့ dual front 32MP+8MP ၊ Super Wide-angle ကင်မရာ တွေပါရှိတယ်။ မျက်နှာပြင်ဒီဇိုင်းကင်မရာ AMOLED FHD + ULTRa O ၊ 100%DCI-P3 Color gamut ကြောင့် သက်ဝင်တဲ့ အရာင်တောက်ပမှုကို ပေးစွမ်းပါတယ် ။ မျက်နှာပြင်အလင်းဟာ ပတ်ဝန်းကျင် အလင်းနဲ့အညီ ပေါင်းစပ်ထားပြီး ကျန်းမာေ ရးဆိုးကျိုးကိုလည်း နည်းစေပါတယ် ။ ဒါ့အပြင် အဆင့်မြင့်တဲ့ Selfie စွမ်းရည်ကတော့ အံမခန်းပါပဲနော်။ 

V19 ကတော့ ရှေ့ကင်မရာရော နောက်ကင်မရာရော သုံးလို့ရတယ်။ ညလားမနက်လား ကြိုက်သလောက် selfie ဆွဲ ၊ portrait နဲ့ အကြည်လင်ဆုံးနဲ့ အလှဆုံးပုံကိုပဲ ပေးစွမ်းလိမ့်မယ်။ ရှေ့ကင်မရာအနေနဲ့ ၂ လုံး၊ကျောဘက်ကင်မရာ(၄)လုံးတောင်ပါတယ် ။ပထမဆုံးအဖြစ် In-Display Fingerprint Scanning ပါဝင်လာတာပဲ ဖြစ်ပါတယ် ။ပင်မ ကင်မရာကတော့ 48MP၊8MP အထူးမြင်ကွင်းကျယ် ၊ 2MP Micro ကင်မရာ၊စွမ်းဆောင်ရည် မြင့်မားတဲ့ AI Quad Camera ပါဝင်ထားပါသေးတယ်။V 19 မှာ AI VideoFilter၊AIVidoe Editor၊AI Image ၊AI Image Matting စတဲ့ AIရုပ်ပုံနဲ့ Video လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ 4500mAh Super capacity Bettery ပါဝင်ထားတဲ့ အတွက် စိတ်ကြိုက်သုံးလို့ရတာပေါ့။

33W Vivo Flash Charge 2.0 နည်းပညာ က ဝ% ကနေ 54% မိနစ် 30 အတွင်း မြန်မြန်ဆန်ဆန် အားသွင်းနိင်ပါတယ်နော်။ 8GB RAMနှင့် 128GBROM ပါoင်ထားပါတယ်။ Touch ထိန်းချုပ်စနစ် ကောင်းမွန်စေပြီး Fast ScreenCapture၊ Screen Recordin ၊ Game Vibration လုပ်ဆောင်ချက်ဖြစ်တဲ့ Ultra Game Mode ပါဝင်တဲ့အတွက် တွေဟာ လုပ်ဆောင်ချက်တွေ မြင့်မားလို့နေပါတယ် ။ လှပဆန်းသစ်တဲ့ အရောင်နှစ်ရောင်ကတော့ Gleam Black နဲ့ Sleek Sliver ကို မေလ ၉ ရက်မှ မေလ ၁၅ ရက်အထိ ကြိုတင်ဝယ်ယူသူများအနေဖြင့် Bluetooth Speaker ကိုပါ လက်ခံရရှိမှာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့ စတင်ဝယ်ယူမယ့် သူများကတော့ 10000 mAh Power Bank ကိုရရှိမှာဖြစ်ပါတယ်။ ဒီလောက် အလန်းစား ဖုန်းကြီးဖြစ်တဲ့ Vivo V19 ရဲ့ ဈေးနှုန်းကတော့ ၅၇၉,၈၀၀ ကျပ်ဖြစ်ပါတယ်။ ၆ သိန်း မပြည့်တဲ့ ငွေနဲ့ သင့်ရဲ့ စမတ်ကျမှု ခန့်ညား ထည်ဝါမှုတွေကို လက်လွှတ်မခံဘဲ အရယူလိုက်ကြရအောင် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။