ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာရှတိုက်ရဲ့ အမြင့်ဆုံး အဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Abraj Al Bait, Saudi Arabia" အဆောက်အအုံကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာရှိ မက္ကာတော်ဝင် ဟိုတယ် နာရီစင်လို့ ထင်ရှားတဲ့ အာဘရာ့ဂျ် အယ်လ်ဘိတ်ဟာ အစိုးရပိုင် အဆောက်အအုံတစ်ခုဖြစ်ပြီး ဆော်ဒီအာရေးဗီးယား ဘုရင်အက်ဗ်ဒူရာဇစ်ရဲ့ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့တာပါ။ ထိုအဆောက်အအုံကို အာ့ဂျ်ယဒ် ခံတပ်ကို ဖျက်သိမ်းပြီး ကမ္ဘာ့ အကြီးဆုံး ပလီအနီးမှာ ဆောက်လုပ်ခဲ့ကာ ၁၉၇၂ ပေမြင့်တာ ဖြစ်ပါတယ်။

photo credit pngtree

အထပ်ပေါင်း ၁၂၀ ပါရှိတဲ့ အာဘရာ့ဂျ် အယ်လ်ဘိတ်မှာ လူပေါင်း ၁၀၀၀၀ ဝတ်ပြုနိုင်တဲ့ ကြီးမားသော ဝတ်ပြုဆောင် တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့တာပါ။ အဆောက်အဦး ဒီဇိုင်းကို ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဘင်လာဒင်အုပ်စုက ပုံစံထုတ်ခဲ့ကာ အထပ်ငါးထပ်ကို ဈေးဝယ်စင်တာအဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ အဆောက်အဦး ထိပ်ရှိနာရီစင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး နှင့် မျက်နှာပြင်အကြီးဆုံး နာရီစင်အဖြစ် စံချိန်ဝင်ခဲ့ပါတယ်။ နာရီစင် ဒီဇိုင်းကို ဂျာမာန် ဗိသုကာ Mahmoud Bodo Rasch က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။