ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကျွန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Carteret Islands, Papua New Guinea" ကျွန်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
ပါပါး နယူးဂီနီ ကမ်းလွန်ဒေသမှာရှိတဲ့ ကာတာရက် ကျွန်းစုရဲ့ အမြင့်ဆုံး နေရာဟာ ငါးပေခန့်သာမြင့်တာပါ။ ၂၀၀၅ ခုနှစ်မှာ ကာတာရက်ကျွန်းမှာ လူ ၁၀၀၀ ဝန်းကျင် နေထိုင်ခဲ့တာပါ။ကာတာရက်ကျွန်းမှာ ရေလွှမ်းမိုးမှုဟာ အမြဲလိုလို ဖြစ်ပွားလေ့ရှိပြီး ၂၀၁၅ ခုနှစ် ခန့်မှန်းချက်များအရ ကာတာရက်ကျွန်းဟာ ရေအောက်သို့ လုံးဝနစ်မြုပ်သွားမယ့် ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။
ပင်လယ်ရေ လွှမ်းမိုးမှုက ကျွန်းပေါ်မှ စိုက်ပျိုးမြေများကို ပျက်စီးစေလေ့ရှိတာ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ နေထိုင်ကြသူများဟာ၂၀၀၃ ခုနှစ်မှ စတင်ပြီး ကျွန်းမှပြောင်းရွှေ့ထွက်ခွာ လျက်ရှိနေကာ ကျွန်းပေါ်မှာ နေထိုင်သူ အားလုံးပြောင်းရွှေ့နိုင်ရန် ရံပုံငွေများ လိုအပ်လျက် ရှိတာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။