ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အအေးဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Stanley" စတန်လေ မြို့လေးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လူဦးရေ ၆၃ ဦးသာနေထိုင်တဲ့ စတန်လေအီဒါဟိုမြို့လေးရဲ့ ဆောင်းရာသီရက်များကတော့ မမေ့နိုင်လောက်အောင် အေးတာ ဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် အီဒါဟိုရဲ့ စံချိန်တင် အအေးဒီဂရီဟာ ဒီဇင်ဘာလမှာ အနှုတ် ၅၄ ဒီဂရီ ဖာရင်ဟိုက်ရှိခဲ့သောကြောင့် ဖြစ်ပါတယ်။ အီဒါအိုရဲ့ ဇန်နဝါရီလအတွင်း ပူနွေးသောနေ့ရက်ဟာ အပူချိန် ၁၈ ဒီဂရီ ဖာရင်ဟိုက်သာရှိတာပါ။ သို့သော် နွေရာသီ ဇူလိုင်လမှာတော့ ၇၈ ဒီဂရီအထိ အပူချိန်မြင့် နေပြန်တာ ဖြစ်ပါတယ်။

photo credit pngtree

အီဒါဟိုရဲ့ စံချိန်တင် အပူဒီဂရီဟာ ၉၈ ဒီဂရီ အထိရှိခဲ့သော်လည်း ဇူလိုင်လအတွင်း ညပေါင်း ၁၀ ညဟာ ရေခဲနေလေ့ရှိတာပါ။ ထို့ကြောင့် စတန်လေ အီဒါဟိုဟာ အပူအအေး ပြင်းထန်သော မြို့တစ်မြို့ဖြစ်ပြီး ပျမ်းမျှ အပူချိန်ဟာ ၃၅ ဒီဂရီ ဖာရင်ဟိုက် သာရှိပါတယ်။ လူဦးရေ ၆၃ ဦးသာရှိတဲ့ အအေးလွန်မြို့လေးမှာ ပြတိုက်တစ်ခု၊ မြို့တော်ဝန်တစ်ဦးနှင့် ကုန်သည်ကြီးများ အသင်းတစ်ခုရှိနေတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။