ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး မံမီရုပ်အလောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Egtved Girl" ဆိုသူရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ခရစ်တော်မပေါ်မီ နှစ် ၁၃၇၀ က ဒိန်းမတ်နိုင်ငံ၊ "Egtved"မှာ သေဆုံးခဲ့တဲ့ မိန်းကလေးတစ်ဦးရဲ့ ရုပ်အလောင်းကို ၁၉၂၁ ခုနှစ်တွင် တွေ့ရှိခဲ့ရာ ဒိန်းမတ်နိုင်ငံရဲ့ ထင်ရှားသော မံမီ ရုပ်အလောင်း ဖြစ်လာခဲ့ပါတယ်။ မိန်းကလေးရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းထားသော အခေါင်းမှာ ထည့်သွင်းမြှုပ်နှံခဲ့တာပါ။

photo credit pngtree

သစ်ပင် ပင်စည်ကိုပြုလုပ်ထားတဲ့ အခေါင်းကို တာရှည်ခံစေရန်ကောင်းစွာ ထိန်းသိမ်းခဲ့သော်လည်း မိန်းကလေးရဲ့ အရိုးများကား မကျန်ရှိတော့ပါဘူး။ သို့သော် အလောင်းကို တွေ့ရှိချိန်မှာ မိန်းကလေးရဲ့ အဝတ်အစား၊ ဆံပင်၊ လက်သည်းခြေသည်းနှင့် သွားအချို့ဟာ ကောင်းမွန်သော အနေအထားအတိုင်း ကျန်ရှိနေခဲ့ပါတယ်။ ထို့အတူ အခေါင်းအတွင်းမှာ အသက် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အလောင်းကိုပါ ထည့်သွင်းမြှုပ်နှံခဲ့တာပါ။

photo credit pngtree

သမိုင်းပညာရှင်များက ထိုမိန်းကလေးငယ်ရဲ့ ခါးပတ်မှာ နေကိုကိုးကွယ်သော ထုံးတမ်းတစ်ခုဖြစ်တဲ့ စပရိန်အမှတ်အသားများကို တွေ့ရှိခဲ့တာကြောင့် သူမဟာ ခရစ်ယာန်ဘာသာ မဟုတ်တဲ့ အခြားဘာသာဝင်များရဲ့ ဘာသာရေး အခမ်းအနားများကို ဦးဆောင်ပြုလုပ်ပေးသူ (priestess) Scandinavian တစ်ဦးလို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိတဲ့ သုတေသနပြုလုပ်ချက်များအရ ထိုမိန်းကလေးဟာ ဒိန်းမတ်နိုင်ငံမှ မဟုတ်ဘဲ ဂျာမနီနိုင်ငံ၊ Black Forest မှ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ သူမဟာ ဒိန်းမတ်နိုင်ငံမှ အကြီးအကဲတစ်ဦးနှင့် မဟာမိတ်ပြုရန် လက်ထပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်းယူဆခဲ့ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။