ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ယနေ့ထိတိုင် ကျန်ရှိနေတဲ့ ကမ္ဘာ့အစောဆုံး စာအုပ်ဖြစ်သော "Gutenberg Bible" စာအုပ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ၊ မင့်ဇ်မြို့မှာ ၁၄၅၀ ပြည့်နှစ်မှ ၁၄၅၅ ခုနှစ်အတွင်း လက်တင်ဘာသာဖြင့် ရိုက်နှိပ်ခဲ့တဲ့ "Johannes Gutenberg" သမ္မာ ကျစ်းစာအုပ်ဟာ ကမ္ဘာ့ သမိုင်းတစ်လျောက် ထိန်းသိမ်း ထားနိုင်ခဲ့သဖြင့် ယနေ့ထိတိုင် ကျန်ရှိနေတဲ့ ပထမဆုံး ပုံနှိပ်ခဲ့သော ကမ္ဘာ့အစောဆုံးစာအုပ် တစ်အုပ်ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ထိုစာအုပ်ကို သယ်ယူသွားနိုင်တဲ့ အရွယ်အစားဖြင့် အုပ်ရေများစွာ ရိုက်နှိပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုကမ္ဘာ့ပထမဆုံး ပုံနှိပ် စာအုပ်ရဲ့ ပုံနှိပ်စက်ကို တီထွင်ခဲ့ကာ ပုံနှိပ်လုပ်ငန်း တော်လှန်ရေးကို ဆောင်ရွက်ခဲ့သူ Johannes Gutenberg က ရိုက်နှိပ်ခဲ့တာပါ။ အစောပိုင်း အထောက်အထားမှတ်တမ်းက ထိုသမ္မာကျမ်းစာကို ချည်သားဖြင့် ပြုလုပ်ထားသော စက္ကူဖြင့် အုပ်၂၀၀၊ နူးညံ့သော သားရေပေါ်တွင် အုပ် ၃၀ ရိုက်နှိပ်ရန် စီစဉ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

photo credit pngtree

သို့သော် အမှန်တကယ်ရိုက်နှိပ်ခဲ့တဲ့ အရေအတွက်ကို မသိရှိခဲ့ကြပါဘူး။ လက်ရှိအချိန်မှာ ကမ္ဘာပေါ်တွင် Johannes Gutenberg သမ္မာကျမ်းစာအုပ် ၂၂ အုပ်သာကျန်ရှိနေကာ ထိုစာအုပ်တွေဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနှင့် တန်ဖိုးအမြင့်ဆုံး ပုံနှိပ် ပစ္စည်းများ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။