ယခုနှစ်တွင် ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ကွန်မြူနတီဒိုင်းနဲ့ EFLဖလားတို့ကို ဆွတ်ခူးထားတဲ့ တိုက်စစ်မှူးအန်တိုနီမာရှယ်အနေနဲ့ အသင်းနဲအတူဆက်ရှိမရှိဆိုတာကို သူရဲ့အေးဂျင့်ကအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ 

မာရှယ်၏အေးဂျင့်က အန်တိုနီမာရှယ်အနေနဲ့ မန်ချက်စတာယူနိုင်တက်မှာပဲ ဆက်ကစားကာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာလဲ ၂နှစ်ကျန်သေးကြောင်း အကယ်၍ အမှုဆောင်ဒါရိုက်တာ အက်ဝက်ဝုဒ်က အလိုမရှိကြောင်းပြောပါက ထွက်ခွာရန်ရှိကြောင်းဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုင်တက်၏ ပြင်သစ်လူမျိုး အသက်၂၁အရွယ်လူငယ်တိုက်စစ်မှူး အန်တိုနီမာရှယ်မှာ ဒီရာသီမှာ မန်ချက်စတာယူနိုင်တက်အတွက် ၂၅့ပွဲသာ ကစားခွင့်ရထားပြီး နည်းပြမော်ရင်ဟိုက မာရှယ်အနေနဲ့ ကစားခွင့်ပိုရလိုပါက ဒီထက်ပိုပြီး ပုံစံကောင်းပြသရန်လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Hein

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။