ယခုလက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွှေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲများကန်ဖို့ လေ့ကျင့်ခန်းဆင်းနေတဲ့ တိုက်စစ်မှူးစိရော်နယ်ဒိုကို ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး အနည်းဆုံးပေါင်၁၅၆သန်းခန့်ရရှိပါက ရောင်းချနိုင်ဖွယ်ရှိကြောင်း ပေါ်တူဂီမီဒီယာများကရေးသားလျက်ရှိသည်။ 

ရီးရဲမက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲပ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသထားခဲ့ပြီး အထူးသဖြင့် ချန်ပီလံလိဂ်ဗိုလ်လုပွဲလို အရေးကြီးတဲ့ ပွဲတွေမှာ ခြေပြနိုင်ခဲ့ပြီး ဂျူဗင်တပ်ကို ၄-၁ဂိုးဖြင့်နိင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အရေးပါတဲ့ ၂ဂိုးကို သွင်းပေးခဲ့တာကြောင့် အသက်ကြီးပေမယ့် ခြေမကျသေးကြောင်းပြသနိုင်ခဲ့ပါတယ်။ 

ထို့ကြောင့် PSGလိုချမ်းသာတဲ့အသင်းမျိုးတွေက ရော်နယ်ဒိုကိုခေါ်ယူလိုနေသလို တရုတ်ကလပ်တွေကလည်းခေါ်ယူလိုနေကြကာ အသင်းဟောင်းမန်ချက်စတာယူနိုင်တက်နဲ့လည်း သတင်းများ ထွက်ပေးနေဖြင်းဖြစ်သည်။ အသင်းနဲ့ ၂၀၂၁ထိစာချုပ်ကျန်သေးသည့် ရော်နယ်ဒိုကို ရီးရဲမက်ဒရစ်က ပေါင်၁၅၆သန်းရရှိလျှင်ရောင်းမည်ဟု သတင်းတွေထွက်နေခြင်းဖြစ်သည်။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။