ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Death valley"လို့အမည်ရတဲ့ ထူးဆန်းသော သေမင်းတောင်ကြားလမ်း အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန် နီဗားရား သဲကန္တာရနှင့် ကယ်လီဖိုးနီးယား ပြည်နယ်တို့ကြားမှာရှိတဲ့နေရာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ထိုနေရာက ကျောက်တုံးတွေဟာ အဖွဲ့လိုက် ရွေ့လျားနေကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဒီကိစ္စကို နှစ်အတော်အတန်ကြာတဲ့ အချိန်အထိ ကမ္ဘာပေါ်က လူတွေ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ GPS ကိရိယာကို ကျောက်တုံးတွေမှာ တွဲချည်ပြီး စောင့်ကြည့်ကြရာမှ အဖြေပေါ်ခဲ့တာ ဖြစ်ပါတယ်။ ထိုဒေသဟာ တောင်တွေကာရံထားတဲ့ ဒေသဖြစ်ပြီး ဆောင်းရာသီ တစ်ချို့မှာ မိုးရွာတတ်တာ ဖြစ်ပါတယ်။

photo credit pngtree

ညပိုင်း မှာ ပါတ်ဝန်းကျင် အပူချိန် ဟာ သုည အောက်ရောက်ရှိသွားကာ ရေကန်ရဲ့ မျက်နှာပြင် အေးခဲပြီး တစ်စင်တီမီတာ အထူလောက် ရှိတဲ့ ရေခဲချပ် ဖြစ်သွားပါတယ်။ ထိုရေခဲချပ် (သို့) ရေခဲလွှာဟာ လေတိုက်ပြီး ကျောက်တုံးတွေကို တွန်းသွားတာကြောင့် ကျောက်တုံးတွေ နေရာ ရွေ့သွားခြင်း ဖြစ်ပါတယ်။ ထိုအဖြစ်အပျက်တွေ၊ ကျောက်တုံးရွေ့လျားမှုတွေဟာ အပူချိန် သုည ဒီဂရီအောက် ကျဆင်းနေသော ညပိုင်းမှာသာ ဖြစ်ပေါ် လေ့ရှိပြီး မနက်ရောက်တော့ နေရာအတည်အကျမရှိဘဲ ရွေ့လျားနေသလိုပုံစံ ပေါ်ခဲ့တာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။