ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ကြောက်မက်ဖွယ်ကောင်းသော တောင်ကြားလမ်းတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပါ။ အဲ့ဒီထဲကမှ "Los Caracoles Pass" လော့စ်ကာရကိုးစ် လမ်းကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံကြားရှိ အန်ဒရီရားစ် တောင်တန်းကို ဖြတ်သန်းဖောက်လုပ်ထားသော လော့စ် ကာရကိုးစ် လမ်းဟာ မြင့်မားမတ်စောက်သော ခုံးစောင်းများနှင့် အကွေ့များရှိနေတာ ဖြစ်ပါတယ်။ သို့သော် အကာအရံ တစ်ခုမှ ပြုလုပ်ထားတာ မရှိပါဘူးနော်။ တစ်နှစ်ပတ်လုံးနီးပါး နှင်းများဖြင့် ဖုံးလွှမ်းနေတာအပြင်၊ ဂငယ်ကွေ့များက အလွန်ကျဉ်းမြောင်းတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုလမ်းပေါ်မှာ ယာဉ်မောင်းသူတို့ဟာ ကျွမ်းကျင်မှု၊ သည်းခံမှုများစွာဖြင့် အရေးပေါ်အခြေအနေကို အမြဲစောင့်စားကာ မောင်းနှင်ကြရတာ ဖြစ်ပါတယ်။ သို့သော် ထိုလမ်းကိုပင် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ကာ မော်တော်ယာဉ် အန္တရာယ်များလျှော့ချခဲ့တာ ဖြစ်ပါတယ်။ ထိုလမ်းပေါ်မှာပဲ ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာတဲ့ ကားများဟာ နေ့စဉ်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။