ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြားလူနေအိမ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "The Niteroi Contemporary Art Museum" ခေတ်ပြိုင် အနုပညာပြတိုက် အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပါဦးနော်။

photo credit pngtree

ဘရာဇီးလ်နိုင်ငံမြို့တော်ရှိ Niteroi ခေတ်ပြိုင်အနုပညာပြတိုက်ဟာ အလွန်ထူးခြားသော အဆောက်အအုံတစ်ခုဖြစ်ကာ အခြားဂြိုဟ်တစ်ခုခုမှ သို့မဟုတ် ပြင်ပအာကာသမှ ရောက်ရှိလာတဲ့ ယာဉ်တစ်ခုခုနှင့် တူညီသော ပုံတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထိုအဆောက်အအုံကို ၁၉၉၆ ခုနှစ်မှာ Bruno Contarini ရဲ့ အကူအညီဖြင့် အော်စကာနီမေးက ပုံစံပြုဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုအနုပညာ ပြတိုက်ကြီးဟာ ၁၆ မီတာ မြင့်ပြီး ပန်းကန်ပြားပျံနှင့် တူညီတဲ့ အမိုးခုံးဟာ ၅၀ မီတာ အချင်း တည်ရှိတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ထိုအဆောက်အအုံကို ဗိသုကာ ပညာရှင်များအပါအဝင် လူအများက ပုံမှန်မြင်ကြရတဲ့ ပုံစံမဟုတ်ဘဲ အဆောက်အအုံ တစ်ခုအဖြစ် စိတ်ဝင်စား နှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။