ဒေဝကတော့ မြန်မာလက်ဝှေ့အားကစားကို ချစ်မြတ်နိုးပြီးလက်ရှိ WLC မြန်မာ့ရိုးရာလက်ဝှေ့ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေပါတယ်။ လက်ဝှေ့အားကစားကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ဒေဝကတော့ နာမည်ကြီးမွေထိုင်းလက်ဝှေ့ချန်ပီယံ ဘွတ်ခေါင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စိန်ခေါ်ခဲ့တာပဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်းပရိသတ်တွေအနေနဲ့ စိတ်ဝင်စားနေကြပါတယ်။ 

photo credit :Dave Leduc 's facebook page
photo credit:banchamek gym (buakaw banchamek, บัวขาว บัญชาเมฆ) ' s Facebook page

လက်ရှိ WLC မြန်မာ့ရိုးရာလက်ဝှေ့ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒေဝနဲ့ နာမည်ကြီးမွေထိုင်းလက်ဝှေ့ချန်ပီယံ ဘွတ်ခေါင်တို့ ထိုးသတ်ကြမလားဆိုပြီး စိတ်ဝင်စားနေကြကာ အမှန်တကယ်ပွဲဖြစ်ခဲ့လျှင်အလွန်ကြည့်​ကောင်းပြီး စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်​မှာကြောင့် ပရိသတ်တွေအနေနဲ့ အတော်လေးစိတ်ဝင်စားနေကြပါတယ်။ ဒေဝကတော့ နာမည်ကြီးမွေထိုင်းလက်ဝှေ့ချန်ပီယံ ဘွတ်ခေါင်ကို လက်ခမောင်းခတ်​ပြလိုက်တာဟာ မြန်မာ့လက်ဝှေ့ရဲ့ဂုဏ်ကျက်သရေအတွက် အသက်ပေးကာကွယ်ဖို့အဆင်သင့်ပဲလို့ ​ဆိုလာခဲ့ပါတယ်။

photo credit :Dave Leduc 's facebook page
photo credit :Dave Leduc 's facebook page

ဒေဝကတော့ " When I do the Lekkha Moun – I’m ready to die in the ring ပြိုင်ဖက်ကို လက်ခမောင်းခတ်​ပြလိုက်တာဟာ ကျွန်တော်က သူ့စိန်ခေါ်မှုကိုလက်ခံပြီး မြန်မာ့လက်ဝှေ့ရဲ့ဂုဏ်ကျက်သရေအတွက် အသက်ပေးကာကွယ်ဖို့အဆင်သင့်ပဲဆိုတဲ့ အဓိပ္ပာယ်ပါ " ဆိုပြီး သူရဲ့လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ဒေဝရဲ့ လက်ရှိ WLC မြန်မာ့ရိုးရာလက်ဝှေ့ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒေဝရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source :Dave Leduc 's facebook page

photo credit :Dave Leduc 's facebook page
photo credit :Dave Leduc 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။