ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တောင်အာဖရိက တိုက်မှာရှိတဲ့ ပင်ဂွင်းတွေရဲ့ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ပင်ဂွင်းများဟာ သဘာဝအားဖြင့် ချစ်ဖွယ်ကောင်းတဲ့ သတ္တဝါများဖြစ်သော်လည်း ပင်ဂွင်းများနှင့် နီးနီးကပ်ကပ်မထိ တွေ့ဖူးသူများကတော့ အမြင်တစ်မျိုးဖြစ်နေပါလိမ့်မယ်။ တောင်အာဖရိကတိုက်ရှိ ဘက်တီဘေးမြို့ငယ်လေးဟာ မျိုးတုံးမယ့် အန္တရာယ် နှင့် ရင်ဆိုင်နေရတဲ့ အာဖရိက ပင်ဂွင်းငှက်များ မကြာခဏ လာရောက်သားပေါက်သော နေရာတစ်ခုဖြစ်ပါတယ်။
သို့သော် ဘက်တီဘေး မြို့သူမြို့သားများဟာ ၂၀၁၂ ခုနှစ်မှာ ထိုငှက်များကြောင့်များစွာ ပင်ပန်းခဲ့ကြရတာပါ။ အာဖရိက ပင်ဂွင်းများဟာ ဘက်တီဘေးမြို့ရှိ မိမိတို့ အိမ်များ လုံခြုံရေးအတွက်ကာရံထားတဲ့ စည်းရိုးများဟာ ငှက်များကြောင့် ပြိုကျပျက်စီးခဲ့တာပါ။ ပင်ဂွင်းတွေဟာ အလွန်ဆိုးရွားသော အသံများဖြင့် ညအိပ်ချိန်အထိ ဆူညံနေခဲ့ကြပါတယ်။ အဲ့လိုအော်သံဟာ မြည်း အော်သံများနှင့် တူသဖြင့် မြည်းငှက်များလို့ပင် နာမည်ပြောင်ပေးခဲ့ကြပါတယ်။
အာဖရိက ပင်ဂွင်းများပြဿနာဟာ အများအာရုံစိုက်လာရတဲ့ အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၆ ခုနှစ်မှာ ပင်ဂွင်းများကိုယ်တိုင် ဒေသရှိ ကျားသစ်များရဲ့ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဘက်တီဘေးမှာ သွားလာနေလေ့ရှိတဲ့ ကျားသစ်များဟာ ပင်ဂွင်းများကို ဖမ်းယူလေ့ရှိပြီး ကျားသစ်တစ်ကောင် ဖမ်းရင် ပင်ဂွင်း ၃၃ ကောင်အထိ ဖမ်းမိတယ်လို့ ဆိုပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။