ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Malbork Castle" ပိုလန်နိုင်ငံရှိ မဲလ်ဘော့ရဲတိုက် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံ၊ မဲလ်ဘော့မြို့မှာ တည်ရှိနေတဲ့ မဲလ်ဘော့ရဲတိုက်ကို ကမ္ဘာ့ အကြီးဆုံးရဲတိုက်လို့ ဆိုကြပါတယ်။ ၁၂၇၄ ခုနှစ်မှာ တီယူတိုနစ် စစ်သည်တော်များက ပိုလန်ရန်သူများကို တိုက်ခိုက်ရန်နှင့် ထိုနေရာမှ ဘောလ်တစ်ပင်လယ် မြောက်ပိုင်း ကို အုပ်ချုပ်ရန် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

တီယူတိုနစ်တို့ရဲ့ ဌာနချုပ်အဖြစ် အသုံးပြုခဲ့တဲ့ မဲလ်ဘော့ရဲတိုက်ဟာ ၁၄၃၅၉၁ စတုရန်း မီတာ ကျယ်ဝန်းကာ ရဲတိုက်ကြီးကို ၁၄၆၆ ခုနှစ်အထိ အကြိမ်ကြိမ် တိုးချဲ့ခဲ့ကြတာ ဖြစ်ပါတယ်။ မဲလ်ဘော့ ရဲတိုက်ဟာ ပိုလန်နိုင်ငံရဲ့ တရားဝင် အမျိုးသား သမိုင်းပြတိုက်တစ်ခုအဖြစ် ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ခဲ့ကာ ပိုလန် အမျိုးသား အမွေအနှစ်စာရင်းဝင် အဆောက်အအုံလည်းဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာ့နေရာအနှံ့မှာ တည်ရှိနေတဲ့ ရဲတိုက်အများစုဟာ ယခုအခါတွင် အသုံးပြုခြင်းမရှိကြသော်လည်း သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံများအဖြစ် ကမ္ဘာလှည့် ခရီးသည်များက သွားရောက် လေ့လာလည်ပတ်လျက်ရှိနေကြသဖြင့် ရဲတိုက် များတည်ရှိတဲ့ နိုင်ငံများဟာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေများရရှိနေကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။