Alucard ဆိုတဲ့ Hero ကတော့ တစ်ချိန်တစ်ခါတုန်းက လူကြိုက်များပြီး လူကိုင်များတဲ့ Fighter တစ်ယောက်ဖြစ်ခြ့ပါတယ်။ မိန်းကလေးတွေတော်တော်များများလဲ သူ့ကိုကြွေကြသလို သူရဲ့အချစ်ရေးကိုလဲ လူတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ သူဟာပျောက်ကွယ်လုနီးပါရှိနေပြီဖြစ်တဲ့ Hero လေးပေါ့။ သူကတော့ခုချိန်ထိ ကိုင်လို့ကြမ်းလို့ကောင်းပါသေးတယ်....အသက်မကြီးသေးပါဘူး။ အောက်မှာတော့ Skill ရှင်းလင်းချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။    

Skill 1ကတော့ သတ်မှတ်နေရာကို ခုန်သွားမှာဖြစ်ပြီး ရန်သူကိုထိရင် Damage ထိစေကာ ၂စက္ကန့်ကြာအောင် နှေးနေစေပါမယ်။ Skill 2 ကတော့ သူရဲ့ဓားကိုလှည့်လိုက်ကာ ဘေးကရန်သူတွေကို Damage ထိစေမှာဖြစ်ပါတယ်။ Ulti ကတော့ ဓားမှာအရောင်ထသွားမှာဖြစ်ပြီး Physical Lifesteal ၂၀ရာခိုင်နှုန်းတိုးမှာဖြစ်ကာ ရန်သူတစ်ယောက်ကို မှတ်ထားမှာဖြစ်ပါတယ်။ အဲ့ချိန်မှာ သူရဲ့ Lifesteal Effect ၁၀၀ရာခိုင်နှုန်းတိုးလာမှာအုန်းမှာပါ။Ulti က ၈စက္ကန့်ကြာအောင် ရရှိနေမှာဖြစ်ပြီး အဲ့အချိန်အတွင်း Ulti ကိုထပ်နှိပ်ရင် စွမ်းအားလိုင်းတစ်ခုပစ်လိုက်မှာဖြစ်ပါတယ်။    

Passive ကတော့ Skill တစ်ခုသုံးတိုင်း ရန်သူဆိကို အမြန်လှမ်းခုတ်နိုင်မှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင် Skill 1 နဲ့ဝင်ပြီး Ulti သုံးကာ ခုတ်ပါ။ Skill 2 ကိုလဲသုံးဖို့မမေ့ပါနဲ့...တစ်ယောက်ဆိုတစ်ယောက်ကိုပဲ Lock ချပြီတာ ခုတ်ပါ။ Fighter ဆိုတော့လဲ တွေ့ရာမြင်ရာခုတ်ရမှာပါပဲ...ဘာပဲဖြစ်ဖြစ် တစ်ယောက်ဆိုတစ်ယောက် သေသေချာချာခုတ်သင့်ပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။