ချစ်ရတဲ့ ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ တေးသံရှင် ပိုပိုကတော့ လူငယ်တွေအကြိုက် အချစ်သီချင်းလေးတွေကို အများဆုံးသီဆိုလေ့ရှိပြီး ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူတစ်ယောက်ပါနော်။ ပိုပိုက ကိုယ်ပိုင်ရေးသားသီဆိုထားတဲ့ အယ်လ်ဘမ် တွေ များစွာကို ထွက်ရှိထားပြီး အောင်မြင်မှုတွေကို အပြည့်အဝရရှိထားတဲ့ သူပါနော်။ အသံလေးက သာယာချိုမြပြီး နားထောင်သူတိုင်းကို အကြိုက်တွေ့စေတဲ့ အသံကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Photo credit - KelVin
Photo credit - KelVin
Photo credit - KelVin
Photo credit - KelVin

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ တေးသီချင်း အသစ်တစ်ပုဒ်ထွက်ရှိရန်အတွက် ရိုက်ကူးနေပြီး သူမအားလပ်တဲ့အချိန်လေးတွေမှာလည်း အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ် ။ ပိုပိုက မကြာသေးမီအချိန်ကလည်း သူမရဲ့ အသက်(၃၀)ပြည့်မွေးနေ့အတွက် ပွဲအခမ်းအနား တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်.....။

Photo credit - KelVin
Photo credit - KelVin
Photo credit - KelVin

ယခုမှာတော့ ပိုပိုက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ " ပို သာ ပန်းလေး တစ်ပွင့် ဖြစ်ခဲ့လျှင်သက် ၃၀ ပြည့်မွေးနေ့ ည တုန်းကUnplugged Mini Show Live လေး လွှင့်ခဲ့တဲ့ အမှတ်တရ မိသားစု သူငယ်ချင်းတွေနဲ့ အမှတ်တရ" ဆိုတဲ့ စာသားလေးနဲ့အတူ ရယ်မောပျော်ရွှင်ကာ ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ကြည်နှုးပျော်ရွှင်စရာကောင်းလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - KelVin
Photo credit - KelVin
Photo credit - KelVin
Photo credit - KelVin

Source- ပိုပို ဖေ့ဘွတ်အကောင့် 

Photo credit - KelVin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။