မြန်မာကြက်တောက်အားကစားသမားဖြစ်တဲ့ သက်ထားသူဇာကတော့နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိနေပြီး  ယခုမှာ Covid 19ကြောင့် ပြိုင်ပွဲတွေရပ်နားထားရလို့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေကာ တစ်ဦးတည်းလေ့ကျင့်မှုတွေပြလုပ်လျက်ရှိနေပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အားကစားမယ်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " ခုတလော ရာသီဥတုက တအားပူတော့ ရေချိုးပြီးရင် သနပ်ခါးကိုပဲ ခြေဆုံး ခေါင်းဆုံး လိမ်းဖြစ်တယ်။တကယ်တော့ သနပ်ခါးက မြန်မာ့ရာသီဥတုနဲ့ အကိုက်ညီဆုံး ပဲထင်တယ်၊အေးလည်းအေးတယ်၊ သဘာဝအတိုင်းလည်းဖြစ်တယ်၊ မွှေးလည်းမွှေးသေးတယ်။သက်ထားတော့ သနပ်ခါးကြိုက်တယ်၊တချို့ဆို ပါးကွက်ကိုပုံအဆန်းလေးတွေတောင် ကွက်သေးတယ်လေ၊ ဘယ်လိုပုံစံတွေ ကြိုက်ကြလဲ "ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ  ရေးသားထားခဲ့ပါတယ်။ 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သနပ်ခါးပါးကွက်ကြားလေးလိမ်းခြယ်ထားပြီး အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းလွန်းနေကာ မြန်မာဆန်ဆန်လေးလှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြန်မာကြက်တော်အားကစားဖြစ်တဲ့ သက်ထားသူဇာရဲ့ ပရိသတ်တွေရဲ့ ရင်ကို အေးချမ်းလွန်းတဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ လှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Source  : THET HTAR Thuzar 's facebook page 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။