ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Banca Monte dei Paschi di Siena" ဘဏ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာရှိနေတဲ့ သက်တမ်းအရှည်ဆုံး ဘဏ်ဟာ အီတလီနိုင်ငံ၊ Siena မြို့မှ Banca Monte dei Paschi di Seina" ဘဏ် ဖြစ်ပါတယ်။

photo credit pngtree

ထိုဘဏ်ကို ၁၄၇၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်မှာ ပြည်တွင်းဘဏ်ခွဲ ၂၀၃၂ ခုနှင့် ပြည်ပဘဏ်ခွဲ ၄၁ ခု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ BMPS လို့ထင်ရှားတဲ့ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ဘဏ်ကို "Siena" ပြည်ထောင်စု၊ ရာဇဝတ်တရားရုံးရဲ့ အမိန့်ဖြင့် ၁၄၇၂ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းကို စတင်တည်ထောင်ချိန်မှစပြီး ယနေ့ထိတိုင် ဆောင်ရွက်လျက်ရှိကာ ၁၇ ရာစုနှင့် ၁၈ ရာစုမှာ လုပ်ငန်းတွေကို အီတလီနိုင်ငံ တစ်ခုလုံးသို့ ဖြန့်ကျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အီတလီနိုင်ငံသား များစွာကို ပေါင်နှံ ချေးငွေများ ထုတ်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ BMPS ဟာ အီတလီနိုင်ငံရဲ့ စတုတ္ထမြောက်အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ဘဏ်အဖြစ်ရပ်တည်နေကတာ ဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်းရှိ အခြားဘဏ်များကဲ့သို့ ဘဏ်လုပ်ငန်းများရပ်ဆိုင်းကာ ပိတ်သိမ်းတာမျိုးမဖြစ်စေရန် အစိုးရက ငွေကြေး အာမခံမှုများ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။