ကမ္ဘာသမိုင်းတစ်လျောက်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မင်းဧကရာဇ်များနှင့် မိဖုရားများကွယ်လွန်ခဲ့ပြီးနောက် သဂြိုဟ်မြှုပ်နှံရန် ခမ်းနားသော ဂူဗိမာန်များကို ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ကာလ ကြာရှည်လာတဲ့အခါမှာတော့ ထိုဂူဗိမာန်တို့ဟာ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံများ ဖြစ်လာကြတာပါ။

photo credit pngtree

ပါရှန်အင်ပါရာရဲ့ ဧကရာဇ် တစ်ပါးဖြစ်ခဲ့သူ "Mausolus" ကွယ်လွန်ချိန်မှာ သူ့ရဲ့ ဂူဗိမာန်ကို "Halicarnassus"မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုအဆောက်အအုံဟာ ရှေးဟောင်း ကမ္ဘာ့ အံ့ဖွယ် ခုနှစ်သွယ်စာရင်းမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ထိုအကြောင်းကို ပရိသတ်ကြီးအား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

ထိုအချိန်မှစတင်ပြီး "Mausolus" ကို မြှုပ်နှံခဲ့တဲ့ "Mausoleum" ဟူသော ဝေါဟာရအား ကြီးမား သော ဂူဗိမာန်များအတွက် ညွှန်းဆို သုံးစွဲခဲ့ကြပါတယ်။ သို့သော် ကမ္ဘာ့ အထင်ရှားဆုံး ဂူဗိမာန် ၁၀ ခုကို တင်ပြရာမှာ "Mausolus"ရဲ့ ဂူဗိမာန်မပါဝင်ခဲ့သော်လည်း ထိုဗိမာန်ဟာ ၁၅ ရာစုမှာ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ပြီး ခရုဆိတ် စစ်ပွဲကာလမှာ စုစည်းတည်ရှိနေမှု အဆုံးသတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။