ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ MRTV -4 မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူပါနော်။ ခန့်က " လေးစုံတွဲ "ဇာတ်လမ်းတွဲမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပဲ ဖြစ်ပါတယ်......။

Photo credit - Khant Thiri Zaw's facebook account
Photo credit - Khant Thiri Zaw's facebook account

ယခုလက်ရှိမှာတော့ ခန့်က အချစ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ " အချစ်ဖွဲလေညင်း " ထဲမှာ ကျေးဇူးတရားသိတက်ပြီး စိတ်ထားဖြူစင်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါနော်။ အေးဆေးတည်ငြိမ်ပြီး စကားပြောဆိုကောင်းတဲ့ ကာရိုက်တာလေးကို တိကျပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာ​ကြောင့် ခန့်ကို ပရိသတ်တွေကလည်း အားရသဘောကြနေတာလည်း ဖြစ်ပါတယ်.......။

Photo credit - Khant Thiri Zaw's facebook account
Photo credit - Khant Thiri Zaw's facebook account
Photo credit - Khant Thiri Zaw's facebook account

မကြာခဏဆိုသလို ခန့်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပြီး ယခုမှာလည်း " မိုးသောက်က ရှေးကိုချစ်တယ် ရှေးက ရောင်နီကိုချစ်တယ် ခန့်ကတော့ Vitamin လေးတွေကိုပဲသိပ်ချစ်တယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း အတွင်းရေးမှူးမလေး ရှေးရေစက်ကို ဘယ်သူ့ကိုရွေးရမလဲဆိုတာ မှတ်ချက်လေးတွေ ရေးပေးခဲ့ပါအုန်းနော်.......။

Photo credit - Khant Thiri Zaw's facebook account
Photo credit - Khant Thiri Zaw's facebook account
Photo credit - Khant Thiri Zaw's facebook account

Source & Photo credit - Khant Thiri Zaw's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။