ဇာတ်ပို့တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ အိအိတုန်ကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ တိကျပိုင်နိုင်စွာ သရုပ်ဆောင်တက်တာကြောင့် အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိအိတုန်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူလေးပါနော်။ သူမက အများက အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း မွေးဖွားထားပါသေးတယ်....။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ စျေးရောင်းနေခဲ့တဲ့ သူမကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။  ဒါ့အပြင် သူမရဲ့ ဝမ်းဗိုက်ထဲမှာလည်း ရင်သွေးလေးတစ်ယောက်ကို လွယ်ထားရကြောင်း ပရိသတ်တွေကို မကြာသေးမီအချိန်က အသိပေးထါးပါသေးတယ်။ အိအိတုန်က မကြာခဏဆိုသလို လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို တင်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ် .......။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

ယခုမှာလည်း အိအိတုန်က " ဆေးခန်းသွားပြတယ်သွေးတိုးနေတယ်ဆရာမကဂရုစိုက်တဲ့သွေးအရမ်းတိုးရင်ဆေးရုံတက်ရမယ်တဲ့အဲ့တော့ဂရုစိုက်ဖို့လိုတယ်သွေးတိုးမဲ့အစားစာရှောင်ရမယ်အခုမှအလုပ်ပီးပင်ပန်းပီနားတော့မယ်ချစ်သူရဲ့အားပေးလက်တစုံ" ဆိုပြီး သူမရဲ့ ချစ်ခင်ပွန်းလက်ကို ကိုင်ကာ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ဂရုစိုက်ပြီး ကြင်နာမှုတွေ အပြည့်အဝပေးတဲ့ ခင်ပွန်းကြောင့် အပျော်ကြီးပျော်နေတဲ့ အိအိတုန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

Source & Photo credit - Ei Tone's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။