မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ဖြူစင်ရိုးသားသူလေးအဖြစ် အားလုံးကအသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့စတင်အောင်မြင်ခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ် ။ မိဘကိုလည်းလုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက တစ်နေ့ထက်တစ်နေ့ နာမည်ရအောင်မြင်လာတာလည်း ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက မကြာခဏဆိုသလို သူမတတ်နိုင်သလောက်အလှူဒါနလေးတွေပြုလေ့ရှိပြီး သူမရဲ့ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ကလေးတွေကိုပါ လှူလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက အပျော်တမ်းဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေအတွက် ပျော်စရာတွေကိုတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက အဆိုတော်မနောရဲ့သီချင်းလေးတစ်ပုဒ်နဲ့သီဆိုဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက မနောသီချင်းလေးကို ကောင်လေးတစ်ယောက်နဲ့တွဲဖက်ဖျော်ဖြေရင်း မြန်မာဆန်ဆန်လေးကပြထားတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့ဖျော်ဖြေမှုကိုတော့ အောက်ကပရိသတ်တွေကလည်း သဘောကျပြီး အားရပါးရလက်ခုပ်တီးကာအားပေးနေကြတာဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။