ပရိသတ်ကြီးရေ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကြောင့် အောင်မြင်မှုတွေ တခဲနက်ရရှိနေတာပဲဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်သလို ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေတာလည်းတွေ့ရပါတယ်။ အနုပညာလောကမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာပါနော်....။

Photo credit - Naw Phaw Eh Htar's facebook page
Photo credit - Naw Phaw Eh Htar's facebook page

နော်ဖောက ကရင်တိုင်းရင်းသူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ နော်ဖောက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာလည်း ဖြစ်ပါတယ်.....။

Photo credit - Naw Phaw Eh Htar's facebook page
Photo credit - Naw Phaw Eh Htar's facebook page

အိမ်မှာနေရင်း ယခင်က သွားခဲ့တဲ့ ပြည်တွင်းခရီးစဥ်တွေကို လွမ်းဆွတ်ရင်း ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုဂံကိုသွားခဲ့တုန်းက Snapမိခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.။ Snapမိနေတာတောင် ချစ်စရာကောင်းလွန်းနေတဲ့ နော်ဖောအယ်ထားရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Naw Phaw Eh Htar's facebook page

Source & Photo credit - Naw Phaw Eh Htar's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။