ထက်အောင်ရိူင်းကတော့ အနုပညာလောကမှာအောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

ထက်အောင်ရိူင်းကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့ ရွှေထူးရဲ့ မမကဆယ်လီ သားကတစ်လီသီချင်းလေးကို ဟာသပုံစံလေးရိုက်ကာ သရုပ်ဆောင်ပြထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ထက်အောင်ရှိုင်းတို့သူငယ်ချင်းတွေအကုန်လုံး ရယ်နေရတာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

ထက်အောင်ရှိုင်းကတော့ ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိသူလည်းဖြစ်ပါတယ်    အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီး တွက် ထက်အောင်ရိူင်းရဲ့ ဟာသဗီဒီယိုလေး ကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း ထက်အောင်ရိူင်းရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

Source & Photo Credit : Htet Aung Shine Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။