မြန်မာဂုဏ်ဆောင်လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်ကို သူတတ်ကျွမ်းတဲ့ လက်ဝှေ့အားကစားနဲ့ မြင့်တင်ပေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေများစွာရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အောင်လအန်ဆန်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်းတို့ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit :Aung La Nsang(Burmese Python) 's facebook page
photo credit :Aung La Nsang(Burmese Python) 's facebook page

ယနေ့လေးကတော့ မြန်မာတစ်ပြည်လုံးက ပြည်သူတွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ မြန်မာဂုဏ်ဆောင်လက်ဝှေ့အားကစားသမား အောင်လအန်ဆန်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့ မွေးနေ့လေးမှာ မြန်မာလက်ဝှေ့ကို ချစ်မြတ်နိုးပြီးလက်ရှိ WLC မြန်မာ့ရိုးရာလက်ဝှေ့ ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလက်ဝှေ့ကစားသမား ဒေဝက အတူတွဲရိုက်ထားတဲ့ ပုံရိပ်လေးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။ 

photo credit :Aung La Nsang(Burmese Python) 's facebook page
photo credit :Dave Leduc 's facebook page

ဒေဝကတော့ ယခုမှာ " ကျွန်တော့်ကချင်ညီအစ်ကို ကိုအောင်လ Aung La ရဲ့ပျော်စရာမွေးနေ့ပါ။ မြန်မာ့ဂုဏ်အတွက် အတူထိုးသတ်ပေးမယ့် အစ်ကို့လိုမိတ်ဆွေမျိုးရှိတာ တကယ်ဝမ်းမြောက်စရာပါ။ "ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြန်မာလက်ဝှေ့ကစားသမားဒေဝနဲ့ မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်တို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

source :Dave Leduc 's facebook page

photo credit :Dave Leduc 's facebook page
photo credit :Dave Leduc 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။