ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချော မိုးဟေကိုကတော့ အခုနောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှဘက်ကို ကူးပြောင်းသွားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက အလှအပပိုင်းဆိုင်ရာမှာ အံသြချီးကျူးနေကြတဲ့အပြင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်တာကြောင့် လူအများက အားကျရတဲ့ သူလေးပဲ ဖြစ်ပါတယ်......။

Photo credit - MR HAW
Photo credit - MR HAW

မိုးဟေကိုက ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါနော်။ သူမက ၂၀၁၉ ခုနှစ်မှာတော့ " ပပဝတီစီရင်ခန်း" နဲ့ " ငယ်ကျွမ်းဆွေ" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီး(၆)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း သူမတူတဲ့ ဖက်ရှင်အလန်းစားလေးတွေနဲ့ ရိုက်ကူးကာ ပရိသတ်အချစ်ကို ဖမ်းစားနေသူလေးပါနော်.....။

Photo credit - MR HAW

ယခုမှာလည်း မြင်သူတိုင်းရင်ကို လှုပ်ခတ်သွားစေလောက်တဲ့ အကြည့်တွေနဲ့ ကြည့်ကာ ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပါနော်။ ကဲ ပြည်သူချစ်အနုပညာရှင်လေးဖြစ်တဲ့ မိုးဟေကိုရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ မိုးဟေကိုရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက စောင့်မျှော်အားပေးလိုက်ကြပါအုန်းနော်.......။

Photo credit - MR HAW

Photo credit - MR HAW

Source - Haw's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။