ပရိသတ်ကြီးရေ တစ်ချိန်တစ်ခါက နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသားချော ရဝေအောင် ကတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ရဝေအောင် က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက် ဖြစ်ခဲ့ပါသေးတယ်နော်.....။

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

ယခုလက်ရှိမှာတော့ ရဝေအောင် က အနုပညာလှုပ်ရှားမှုတွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် သူ့ရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ယခင်က လျှောက်လှမ်းခဲ့တဲ့ အနုပညာလမ်း​ကြောင်းက ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာကြောင့် ချစ်ပရိသတ်တွေကလည်း စောင့်မျှော်အားနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးမီအချိန်ကလည်း ရဝေအောင် က သူရဲ့ ငယ်ဘဝကရိုက်ကူးခဲ့တဲ့ ပြက္ခဒိန်က ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်....။

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

ပုံရိပ်လေးတွေအပြင် " ကိုယ်ရိုက်ခဲ့တဲ့ ပြက္ခဒိန်လေးတွေ အမှတ်တရတင်လိုက်တဲ့အခါ ပြက္ခဒိန်ပုံလေးတွေကြည့်ပြီး ငယ်ဘဝ ပြန်သတိရတဲ့ သူများ...ပုံလေးတွေကြိုက်လိုshareသွားတဲ့သူများ....ပုံတွေပြန် Save ပြီး မိမိ FB ကပြန်တင်တဲ့သူများ....Cb ကနေလည်းပုံတွေထပ်တင်ပေးဖို့ပြောကြသူများ...ငယ်စဥ် အချိန်ကတည်းက ယနေ့တိုင် အားပေးချစ်ခင်ပေးကြလို ဝမ်းသာကြည်နှုးပျော်ရွှင်ရပါတယ် ကျေးဇူးလည်း တင်ပါတယ်...ယခု ပုံများကိုလည်း သတိတရ အမှတ်တရ အဖြစ်.." ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account
Photo credit - Yawai Aung's facebook account

Photo credit - Yawai Aung's facebook account 

Source - Yawai Aung's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။